မင်းဘူး(စကု)မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မင်းဘူး  ဩဂုတ်  ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ပြီး ပြင်ပဗဟုသုများရရှိနိုင်စေရန်နှင့် ကျောင်း စာများအပြင် သုတ/ရသစာပေးများကို ဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီးရေတွင်းကုန်း ကျေးရွာအခြေခံပညာအထက်တန်း ကျောင်း(ခွဲ)နှင့် ကျောက်တန်းကျေးရွာ အခြေခံပညာအလယ် တန်းကျောင်းတို့၌ ယမန်နေ့နံနက်ပိုင်းက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများကို ကျင်းပ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မင်းဦးက ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာများအပြင် အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြင်ပဗဟုသုတများရရှိနိုင်စေရေးအတွက် သုတ/ရသ စာအုပ်စာပေများကို ဖတ်ရှုလေ့လာနိုင်စေရေးကိုလည်းကောင်း၊စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးမြင့်ကြည်က ကျောင်း သား/ကျောင်းသူများ နေ့စဉ်ပုံမှန် စားသောက်သုံးဆွဲနေသော စားသောက်ကုန်များတွင် တွဲဖက်ပြီး မစားသုံးသင့်သော အစားအစာများနှင့် ကျန်းမာရေးဗဟုသုတရရှိနိုင်စေရေးအတွက် စားသောက်ကုန်များတွင် ဖော်ပြပါရှိသောကုန်အညွှန်းအမှတ်အသားများကို ကြည့်ရှုလေ့လာပြီးမှ စားသောက်သုံးစွဲနိုင်စေရေးကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းနှင်းက မြို့နယ်အလိုက် အားကစားပွဲများ ကျင်းပပြုလုပ်ဆောင်ရွက်နေမှုနှင့် အားကစား ဆိုင်ရာလှုပ်ရှားဆောင်ရွက်နေမှု သိကောင်းစရာများကိုလည် းကောင်း အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြပြီးနောက် ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာပေများနှင့် အသိပညာပေး နံရံကပ်စာစောင်/ဗီနိုင်းပိုစတာများကို ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ အသိပညာပေး ဟောပြောဆွေးနွေးပွဲသို့  ဌာဆိုင်ရာပူးပေါင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် အားကစားလှုပ်ရှားမှုများ ဆောင်ရွက်နိုင်စေရေန်အတွက် အားကစား ပစ္စည်းများကို ကျောင်းအုပ်ဆရာကြီးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)