သာသနဓဇဓမ္မစရိယဘွဲ့ရအရှင်မြတ်(၂)ပါးအားဂုဏ်ပြုပူဇော်ပွဲကျင်းပ

ပြည်ကြီးမဏ္ဍိုင် စက်တင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ချောင်းမွန်ကျေးရွာ၊ စမ်းရေအေးကျောင်းတိုက်မှ သံဃာတော်အရှင်မြတ်(၂)ပါးအား ဂုဏပူဇာဂုဏ်ပြုပူဇော်ပွဲကို ယနေ့နံနက်(၉)နာရီမှ(၁၂)နာရီ အထိကျင်းပခဲ့ပါသည်။

ချောင်းမွန်ကျေးရွာ စမ်းရေအေးကျောင်းတိုက်မှ  ဆရာတော် ဦးပညာသာမိနှင့် ဦးခေမာစာရ အရှင်မြတ် (၂) ပါးသည် ၁၃၈၁ - ၈၂ ခုနှစ် ပြည်ထောင်စုအစိုးရမှ ကြီးမှူးကျင်းပသော  အစိုးရ ဓမ္မစရိယတန်း၌  ဝင်ရောက် ဖြေဆိုအောင်မြင်သဖြင့် "သာသနာဓဇဓမ္မစရိယ” ဘွဲ့ချီးမြှင့်ခံရ သဖြင့် ပြည်ကြီးမဏ္ဍိုင်မြို့ ဒကာ၊ ဒကာမများမှထပ်မံ၍ ဂုဏပူဇာဂုဏ်ပြု ပူဇော်ပွဲအား ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလွင်မိုးသူထံမှ သိရသည်။

မျိုးလွင်(ပြန်/ဆက်)