ဇီးကုန်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များအားe-ID စနစ်ဖြင့် Software Program ရေးသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

ဇီးကုန်း    ဩဂုတ် ၁၃

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံး ကဆောင်ရွက်လျက်ရှိသည့် မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များအား e-ID စနစ်ဖြင့် Software Program ရေးသွင်းခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ၌ ဆောင်ရွက်ခဲ့ရာ ယမန်နေ့က ရာနှုန်းပြည့်ပြီးစီးပြီဖြစ် ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များ ရေးသွင်းခြင်း စာရင်းဖြည့်သွင်း ရမည့် အိမ်ထောင်စုပေါင်း(၁၆၈၅၇)ရှိပြီး၊ ထပ်တိုးအိမ်ထောင်စု(၅၆၇၆)ရှိရာ အိမ်ထောင်စုပေါင်း (၂၂၅၃၃)စုကို စာရင်းဖြည့်သွင်းနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထိုသို့ အိမ်ထောင်စုလူဦးရေစာရင်း ပုစံ(၆၆/၆)အချက်အလက်များ Software Program ဖြင့် ရေးသွင်းခြင်းလုပ်ငန်းများကို မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် မြို့နယ်ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းအင်အား(၂၄)ဦးက နေ့/ည အချိန် (၂)ပိုင်းခွဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းများအောင်မြင်ပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက် အောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

ယခင်ဆောင်ရွက်ပြီးခဲ့သော နိုင်-၄ ကိုယ်ရေးအချက်အလက်များအား အခြေခံ၍ တိကျမှန်ကန်သော အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ဖြစ်စေရေးအတွက် Program စနစ်တစ်ခုဖြင့် ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသားများ၏ ကိုယ်ရေးအကြောင်းအရာများကို သိရှိနိုင်ရန်လိုအပ် လာလျှင်လည်းကောင်း၊ မှန်ကန်တိကျသော အထောက်အထားများကို အမြန်ဆုံးသိရှိ အထောက် အကူဖြစ်စေရန်အတွက် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များအား Software Program ထည့်သွင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)