ထီးချိုင့် ဩဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ သခင်မြမောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းမှ အဖွင့်အမှာစကား ပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်လွင်လွင်ခိုင်မှ ပထမအကြိမ် “သန်ချဆေး” တိုက်ကျွေးရခြင်းနှင့် ပတ်သက်၍ ကျန်းမာရေးဗဟုသုတများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
အဆိုပါသန်ချဆေးတိုက်ကျွေးရာသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇော်လင်း၊ ရဲမှူးပြေဦး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝေယံကျော်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီး ဦးအောင်သင်းနှင့် ဆရာဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရဲလင်းထွန်း(ထီးချိုင့်)