ဖျာပုံမြို့၌ စျေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီများ ရောင်းချပေး

ဖျာပုံသြဂုတ်၁၂


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီများ ဝယ်ယူစားသုံးနိုင်စေရန်အတွက် စားအုန်းဆီတစ်ပိဿာလျှင် (၅၃၀၀) ကျပ် စျေးနှုန်းဖြင့် ရောင်းချပေးခြင်းကိုသြဂုတ်လ (၁၂)ရက်နေ့ နေ့လယ်(၁)နာရီအချိန်က ဖျာပုံမြို့၊ မြို့မစျေးကြီးအတွင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့စားအုန်းဆီများ ရောင်းချပေးရာတွင် ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင် တာဝန်ခံ ဦးမိုးမင်းသန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးမှူး ဦးမင်းဇော်နှင့် ဝန်ထမ်းများက မြို့နယ်အနေဖြင့် စားအုန်းဆီ ပေပါ(၁၀၀)လုံးအား မြို့မစျေးကြီးအတွင်း ရောင်းချလျက် ရှိကြသော ဆီအရောင်းဆိုင်(၁၆)ဆိုင်တွင် စားအုန်းဆီပြတ်လပ်မှု မဖြစ်ပေါ်စေရန် သြဂုတ်လ (၁၂)ရက်နေ့ မှစတင်၍ နံနက်(၈)နာရီအချိန်နှင့် နေလယ်(၁)နာရီ အချိန်တို့တွင် ဆီအရောင်းဆိုင်များ ဖွင့်လှစ်၍ လူတစ်ဦးလျှင်စားအုန်းဆီ (၅၀)ကျပ်သားနှုန်းဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ်(၅၃၀၀)နှုန်းဖြင့် နေ့ရက်အလိုက် ဆီအရောင်းဆိုင်များခွဲပြီး၊ ရောင်းချပေးလျက်ရှိကြောင်း၊ ဖျာပုံခရိုင်စားသုံးသူရေးရာ ဦးစီးဌာနရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်

ဖျာပုံခရိုင်(ပြန်/ဆက်)