ပိုင်ကျုံ ဩဂုတ် ၁၂
ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ/သားများအနေဖြင့် အဖိတ်/ဥပုဒ်ကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အကျိုးရှိစွာ အသုံးချတတ်စေရေး၊ ပြည်သူ့စာကြည့်တိုက်သို့ ယုံကြည်အားကိုး လာရောက်ကာ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိတ်အပန်းဖြေပျော်ရွင်စေရေးအတွက် ပြိုင်ပွဲများကို လေ့ကျင့်ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း ပျော်ရွှင်ဖွယ်ကစားနည်းများ ပြုလုပ်ပေးခဲ့သည်။
ကျောင်းပိတ်ရက်များတွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမသို့ ပုံမှန်လာရောက်လေ့လာကြသည့် ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်မှ ကျောင်းသားလူငယ်များတို့အား မြို့ပြန်/ဆက် ဦးစီးဌာနဒုဦးစီးမှူး ဒေါ်နော်ခူးခူးနှင့် ဝန်ထမ်းများက ရုပ်ပုံဆက်ပြိုင်ပွဲ၊ ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲနှင့် လက်ဆင့်ကမ်းဘောလုံးပစ်ပြိုင်ပွဲတို့ဖြင့် ယှဉ်ပြိုင်ကစားစေခဲ့ရာ ကျောင်းသား/သူများက ပျော်ရွှင်စွာယှဉ်ပြိုင်ကစားကြကာ ဗလာစာအုပ်များ လက်ဆောင်များပေးအပ်ပြီး အာဟာရမုန့်များကျွေးမွေးခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)