မော်လမြိုင်ကျွန်း ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နေ့လည် ၁ နာရီအချိန်က ဆောင်ရွက်သည်။
အဆိုပါ Talk Show အစီအစဉ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူအခွင့်အရေးများ အပြည့်အဝ ရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များ သိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေးအတွက် အာမခံချက်ပေးနိုင်သည့် အရေအသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေ အချက်အလက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Talk Show ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်၍ အာမခံချက်ပေးခြင်း၊ ပုဒ်မ (၄၁၊ ၄၂၊ ၄၃) ပါကုန် အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်၍သိရှိလိုက်နာ ဆောင်ရွက်စေရန်နှင့် ဥပဒေပါတားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သိရှိလိုသည့် ဥပဒေပါအချက်အလက်များကို မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနရုံးတွင် လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန www.doca.gov.mm Webside တွင်လည်းကောင်း ဝင်ရောက်လေ့လာနိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
အောင်အောင်(ပြန်/ဆက်)