ဒိုက်ဦးမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်

ဒိုက်ဦး ဩဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး(ယာယီ)၏ လမ်းညွှန်မှုဖြင့် မိခင်နှင့်ကလေးကျန်းမာရေး ဦးစီးဌာန၏ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု (မိခင်နို့စနစ်တကျတိုက်ကျွေးခြင်း၊ ငါးနှစ်အောက်ကလေးများအား ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်း) ဆောင်ရွက်ခြင်းများကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေး ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး (ယာယီ) ဒေါက်တာနန်းဝင်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက  အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)