လက်ပံတန်း ဩဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသန်း တို့က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ နည်းဥပဒေများ၊ ကလေးသူငယ်အခွင့်အရေး ဥပဒေအရ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ် အမျိုးအစားများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူများနှင့် ပတ်သက်ပြီး ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ လက်ပံတန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အခြေခံပညာကျောင်းများနှင့်ကျေးရွာများတွင် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး သင်တန်းများပို့ချခြင်း၊ ကျားမအခြေပြု အကြမ်းဖက်မှုများနှင့် ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိနားလည်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ပံတန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန်အတွက် Online မှတဆင့် အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ Talk Show အပြည့်အစုံကို လက်ပံတန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ကြည့်ရှုနိုင်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)