လက်ပံတန်း၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူ အသိပညာပေး ကွင်းဆင်းဆောင်ရွက်

လက်ပံတန်း သြဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ လက်ပံတန်းမြို့နယ်၏ ၂၀၂၂ ခုနှစ်၊ သြဂုတ်လအတွင်းကျေးရွာ (၁၀) ရွာစီစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက လျာထားကျေးရွာများအနက် ပန်းတိမ်စုကျေးရွာအုပ်စု၊ သက္ကယ်ကုန်း ကျေးရွာသို့ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က ဒေသခံကျေးရွာပြည်သူများနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံများနှင့် နွေစပါးတိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ ဆည်ရေသောက်ဧရိယာအတွင်း ပါဝင်သည့် လယ်ယာမြေများတွင် သုံးသီးစားစိုက်ပျိုး ထုတ်လုပ်နိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးမြှင့်မွေးမြူနိုင်ရေး၊ ဒေသနှင့်ကိုက်ညီသည့် အခြားစိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက် ပိုမိုးစိုက်ပျိုးထုတ်လုပ်နိုင်ရေး တို့ကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍  မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် နှစ်ရှည်သီးပင်များ ကိုင်းကူးဆက်နည်း၊ ကိုင်းပင်စည်မြေးစည်းကပ်နည်း၊ တမာပိုးသတ်ဆေး၊ ငြုပ်ပိုးသတ်ဆေး၊ ဒုတ္ထာနှင့်ထုံးပိုးသတ်ဆေး၊ ကြက်သွန်ဖြူ ပိုးသတ်ဆေး  ပေါင်းသတ်ဆေး ဖျော်စပ်နည်းများ၊ နေဗီယာမြက်စိုက်ပျိုးနည်းများကို ဒေသခံတောင်သူများသို့ လက်တွေ့သရုပ်ပြဆွေးနွေးခြင်း၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဒေသခံများက သိရှိလိုသည်များမေးမြန်းရာ သက်ဆိုင်ရာဌာန များက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)