ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး အသိပညာပေးဆွေးနွေး

ပန်းတောင်း  သြဂုတ်  ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဖန်ခါးပင်ကျေးရွာ၊ ဘုရားပေါ်ကျေးရွာတို့တွင် ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရ က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ()ဦးအေးကြိုင်၊ စိုက်ပျိုးရေး ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးတင့်လွင် က စိုက်ပျိုးရေးနှင့် ပတ်သက်သည့် စိုက်ပျိုးမည်ဆိုပါက သီးထပ်၊ သီးညှပ် စိုက်ပျိုးရန် လိုအပ်ကြောင်းပြောကြားခဲ့သည်၊ မီးသတ်ဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  တာဝန်ရှိသူများက ပညာပေးဆွေးနွေးခဲ့သည်။ တက်ရောက်လာသော ဒေသခံပြည်သူများက သိရှိလိုသည်များကို ပြန်လည်တင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနများမှတာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)