ကော့ကရိတ် သြဂုတ် ၁၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်၉နာရီခွဲတွင် အမှတ်(၃) နှင့် အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသူနာပြုဆရာမများ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အာဟာရအုပ်စုအကြောင်းနှင့် အာဟာရညီမျှအောင်စားသောက်ရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် နည်းစနစ်မှန်သွားတိုက်ရေး၊ မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားသည့်သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနည်းလမ်းတို့အား ဟောပြောခဲ့ကြပြီး သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး အသိ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ KG ကျောင်းသား/ ကျောင်းသူများအား တစ်ဦးချင်းကျန်းမာရေး စစ်ဆေးခြင်း၊ စစ်ဆေးမှုမှတ်တမ်းကတ်များ ဖြည့်သွင်းပေးခြင်း သွားတိုက် ဆေးများ ပေးဝေခြင်းနှင့် လိုအပ်သောဆေးဝါးများပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ခင်မျိုးဝင်း