ဇီးကုန်းမြို့နယ်၌ ကျေးရွာတွင်းဘီးနင်းကွန် ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ဇီးကုန်း ဩဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စရပ်များအတွက် သွားလာမှုလွယ် ကူစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် ထန်းတပင်ကျေးရွာနှင့် ဆိုင်စုကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာတွင်း ဘီးနင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေများကို မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်ဇီးကုန်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်နှင့် တာဝန်ခံအင်ဂျင်နီယာ ဒေါ်ပန်းစပယ်တို့မှ ကျေးရွာတွင်းဘီးနင်း ကွန်ကရစ်လမ်းခင်းနေမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးပြီးနောက် ကျေးရွာတွင်းလမ်းဖြစ် မြောက်ရေး ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီးသတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန်နှင့် ကျေးရွာ၏ တင်ပြချက်များအပေါ်  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ် ထန်းတပင်ကျေးရွာနှင့် ဆိုင်စုကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀၀)စီအသုံးပြုပြီး အရှည် ၈၅၀ ပေ၊ အကျယ် ၂ ပေ ၆ လက်မ၊ ထု ၆ လက် မ ရှိသော ဘီးနင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့မှ စတင်ပြီးကျေးရွာ ပြည်သူလူထုကိုယ်တိုင် ဆောင်ရွက်ခဲ့ရာ ယခုအခါ ၅၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)