ကျွန်းလှ ဩဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအား သံချဆေး တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)၌ ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းဇော်ဌေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးစိုး၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးအဖွဲ့၊ ဆရာ၊ ဆရာမများ ပူးပေါင်းပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား သံချဆေး တိုက်ကျွေးပေးကြကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)