မအူပင်မြို့တွင် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ၂၀၂၁ ခုနှစ်၊ အစိုးရပထမပြန် စာအောင်သံဃာတော်များအား ပူဇော်ပွဲအခမ်းအနားကျင်းပ

မအူပင် ဩဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲနှင့် ၂၀၂၁ ခုနှစ် အစိုးရပထမပြန် စာအောင်သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မအူပင်ခရိုင် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပသည်။

အခမ်အနားသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မတည်အလှူရှင် ဦးဉာဏ်ထွန်းနှင့် ဖိတ်ကြားထားသူများ တက်ရောက်ပြီး နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ မအူပင်မြို့ရတနာ လင်္ကာရကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘဏထံမှ ငါးပါးသီလခံယူကာ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားတော်မူသော မေတ္တာသုတ် ပရိတ်တော်များ နာယူခဲ့ကြ သည်။
မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး သံဃာတော်အရှင်သူမြတ်များနှင့် စာအောင်သံဃာတော်များ၊ သီလရှင် ဆရာကြီး၊ ဆရာလေးများအား ဝါဆိုသင်္ကန်းလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် မအူပင်မြို့ ပရိယတ္တိမင်းကျောင်းစာသင်တိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တဉာဏိန္ဓာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ) မဟာထေရ်မြတ်ကြီးထံမှ အနုမောဒနတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကာ ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် အစိုးရပါဋ္ဌိပထမပြန် စာအောင်သံဃာတော်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့နှင့် မတည်အလှူရှင် ဦးဉာဏ်ထွန်း(ခ) ဦးဒလစ်၊ မအူပင်မြို့ပေါ်ရှိ လုပ်ငန်းရှင်များ၊ ရပ်ကွက်ရှိ အလှူရှင်များစုပေါင်း၍ ပထမကြီးတန်း(၁၀)ပါးအတွက် ၁ ပါးလျှင် ၈၀၀၀၀၊ ပထမလတ်တန်း(၈)ပါးအတွက် ၁ ပါးလျှင် ၆၀၀၀၀၊ ပထမငယ်တန်း (၁၀)ပါးအတွက် ၁ ပါးလျှင် ၄၀၀၀၀ အခြေပြု မူလတန်းအတွက် ၁ ပါးလျှင် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း သံဃာတော်(၅၁)ပါးအတွက် သိန်း ၁၀၀ ခန့် လှူဒါန်းဆက်ကပ်ခဲ့ကြကြောင်း
သိရသည်။
ခရိုင် (ပြန်/ဆက်)