နတ်မောက်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဟောပြောပွဲနှင့် စွမ်းအားမြှင့် အေဝမ်းမီးဖိုများ ဖြန့်ဝေ

နတ်မောက် ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လက်ပံတုန်းကျေးရွာသို့ သွားရောက်၍ သဘာဝ​ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိက  ကျေးလက်နေပြည်သူများမှ သစ်တောသစ်ပင် များ၏တန်ဘိုးနှင့်အနှစ်သာရကို သိရှိနားလည်းပြီး သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်လာခြင်းဖြင့် သစ်တောများဖြုန်းတီးမှုကို လျှော့ချနိုင်ရေးအတွက် ထင်းအစားထိုး လောင်စာ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ရေး  ဟောပြောဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာသူများအား စွမ်းအားမြှင့် အေဝမ်းမီးဖို (၂၀)လုံးအား (မဲစနစ်ဖြင့်) အခမဲ့ ဖြန့်ဝေ ပေးခဲ့သည်။

နတ်မောက်မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းများနှင့်အတူ စွမ်းအားမြှင့် အေဝမ်းမီးဖို (၇၂၀)လုံး ဖြန့်ဝေရန် လျာထားပြီး ၂၀၂၂ခုနှစ်၊ ဩဂုတ်လအထိ (၂၄၀)လုံး အခမဲ့ ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဥမ္မာခင်