လေးမျက်နှာ ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း မှ ယမန်နေ့ နေ့လယ်ပိုင်းက လေးမျက်နှာမြို့နယ် ရှမ်းရွာကျေးရွာအုပ်စု ရှမ်းရွာကျေးရွာသို့ ရွေးကောက်ပွဲ မဲစာရင်းများပြုစုရာတွင် အခြေခံလူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပေးပို့လာသည့် ရှေ့ပြေး စီမံချက်စာရင်းအရ ပြုစုပေးပို့လာသည့် စာရင်းများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ခဲ့သည်။
ရှေ့ပြေးစီမံချက်စာရင်းအရ လေးမျက်နှာမြို့နယ်အနေဖြင့် ပြန်လည်တိုက်ဆိုင်စိစစ်ရမည့် အချက်များမှ လဝကပုံစံ (၆၆/၆) အခြား/လူရှိ၊ လဝကပုံစံ(၆၆/၆)မရှိ/လူရှိ၊ မွေးဖွားသည့် ရက်၊ လ၊ နှစ် ထပ်နေသူများ၊ မွေးသက္ကရာဇ်မပြည့်စုံသူနှင့် မပါရှိသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် တစ်ခုထဲဖြင့် (၂)ကြိမ်ထပ်နေ သူများ၊ နိုင်ငံသားစိစစ်ရေးကတ်မရှိသည့် အသက်(၁၈)နှစ် အထက်များ၊ နိုင်ငံသားစိစစ်ရေးကတ်မရှိသည့် အသက်(၁၈)နှစ်အောက်များအား ကွင်းဆင်း စစ်ဆေးရာ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆိုင်နှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။
လေးမျက်နှာမြို့နယ်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးရန် ကျန်ရှိသည့် စာရင်းများအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးနှင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ ပူးပေါင်းကာ မြေပြင်လူဦးရေစာရင်းများ မှန်ကန်စေရေး ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ကျော်ဟိန်း(ပြန်/ဆက်)