ရှမ်းရွာသစ်မြို့၌ ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပပြုလုပ်

ရှမ်းရွာသစ် သြဂုတ် ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် (၉) နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာတွင်သာမက အဖက်ဖက်တွင် ထူးချွန်သောကလေးများ ဖြစ်လာစေရန်ရည်ရွယ်၍ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ကျောင်းသား/သူ (၂၅) ဦးတို့က စိတ်ဝင်စား စွာယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဆုချီးမြှင့်ကာ အာဟာရဖြစ်စေရန် မုန့်များကျွေးမွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)