ညောင်တုန်း ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လူစည်ကားရာနေရာဖြစ်သည့် ကားဂိတ်အနီးတွင် ရေဘေးအန္တရာယ် အသိ ပညာပေး ပိုစတာပြသထားခြင်းကို ယနေ့ နံနက်ပိုင်းက ပြည်သူများစိတ်ပါဝင်စားစွာ ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ပိုစတာတွင် ရေဘေးအန္တရာယ်မဖြစ်ပွားမီ အရေးပေါ်သုံး ပစ္စည်းများနှင့် အသက်ကယ်ပစ္စည်းများကို ကြိုတင်စုဆောင်းထားရှိရန်၊ အရေးပေါ် ပြောင်းရွှေ့ရန် ဘေးလွတ်ကင်းသည့် နေရာနှင့် ဆုံရပ်ကို ကြိုတင်ရွေးချယ်ထားရန် စသည့် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ရေကြီးနေစဉ် တောင်ကျချောင်းများ၌ လူ၊ တိရစ္ဆာန်၊ မော်တော်ဆိုင်ကယ်၊ မော်တော်ကားများ ဖြတ်မကူးကြရန်၊ ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို အသုံးမပြုရန်စသည့် ရှောင်ရှားရန်အချက်များ၊ လျှပ်တစ်ပြတ်ရေကြီးခြင်းကို (အထူးသဖြင့်ညအချိန်) ဂရုပြုရန်၊ မြစ်ချောင်း ကမ်းပါးတိုက်စားပြီး ပြိုကျတက်ခြင်းကို ဂရုပြုရန်စသည့် သတိပြုရန်အချက်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေး ပြသထားရှိပြီး ပြည်သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလျက်ရှိကြောင်း သိရ သည်။
မြို့နယ်(ပြန်ဆက်)