အင်္ဂပူ ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ နှစ်စဉ်ရာသီ အလိုက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ကျေးရွာအုပ်စု (၁၁)စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခဲ့သည်။
အင်္ဂပူမြို့နယ်အနေဖြင့် ယခုနှစ်တွင်ကျေးရွာအုပ်စု (၇၀)အုပ်စုရှိ တောင်သူ(၆၀၀၀)ဦး၏ မိုးစပါး စိုက်ဧက (၄၈၀၀၀)ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ်သိန်း (၇၂၀၀၀)သိန်း ထုတ်ချေးပေးရန် လျာထား ဆောင်ရွက်လျက်ရှိပြီး ကျေးရွာပေါင်း(၇၀)ရွာ၊ တောင်သူ(၄၄၅၈)ဦး၊ စိုက်ဧက (၂၉၉၆၉)အတွက် ချေးငွေ (၄၄၉၅၃၅၀၀၀၀)ကျပ်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်တွင် နှစ်စဉ်မိုးရာသီစိုက်ပျိူးစရိတ် ချေးငွေများကို တောင်သူများအား မိုးစပါး တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲဖြင့် စိုက်ပျိုးချိန်အမီ မေလ(၁၆)ရက်မှ စတင်ထုတ်ချေးပေး လျက်ရှိပြီး တောင်သူများအား လျာထားချက်နှင့်အညီ စက်တင်ဘာလကုန်အထိ ထုတ်ချေး သွားမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် မိုးရာသီထုတ်ချေးချိန်တွင် ပုံစံ(၇) အမည်နှင့် ပုံစံ(၇) လက်ဝယ်ပိုင်ဆိုင်ထားသူတို့ အမည်မတူညီပါက ထုတ်ချေး ပေးမည်မဟုတ်ကြောင့်နှင့် ကြွေးကျန်ပြေကြေရေးအတွက် ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိ ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်မြတ်သီတာထံမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)