ပြည်ကြီးမဏ္ဍိုင် ဩဂုတ် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကိုယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းကကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် Online မှတဆင့် အသိပညာပေး ဆောင်ရွက်ရသည့်ရည် ရွယ်ချက်များအား ပြောကြားသည်။
ဆက်လက်၍ ဘုတ်ပြင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်သန်းဆင့်က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကလေးသူငယ်တိုင်းရရှိရမည့် အခွင့်အရေးများ၊ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာဥပဒေများ စသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)