လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းပြုလုပ်

လိပ်သို   ဩဂုတ် ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာပြီး ကိုယ်တိုင်တွေးခေါ်စဉ်းစားဆုံးဖြတ်နိုင်သော အမြော်အမြင်များ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်က လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော “စာကောင်းပေကောင်းရဲ့အရသာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်/သံ-၃ စောဝေါ်ကွောထူးက လူငယ်များ စာဖတ်ခြင်းမှ ရရှိလာသော ဗဟုသုတများကို အသုံးချတတ် စေရန်၊ စာပေချစ်မြတ်နိုးသူ အချင်းချင်း အပြန်အလှန် ဆွေးနွေးသည့် အလေ့အကျင့် များရရှိစေရန်၊ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာခြင်းဖြင့် အမှား/အမှန်ကို ဝေဖန်ဆုံးဖြတ်နိုင်သော အသိများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို အခါအားလျော်စွာ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Book Club အဖွဲ့ဝင်များက စာအုပ်တွင်ပါရှိသော “အကျိုးပြုစာပေဟူသည်”၊ ”စာကောင်းပေကောင်းရဲ့အရသာ” နှင့် “ကောင်းနိုးရာရာအတုယူပါ” စသည့် ဆောင်းပါးများအား မိမိ၏ ထင်မြင်ယူဆချက်များနှင့်အတူ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လိပ်သို(ပြန်/ဆက်)