လှိုင်းဘွဲ၊ စက်တင်ဘာ ၁၁
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာ့အလင်းသတင်းစာမှ မောင်စာဂရေးသားထားသော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၃၅) ရွေးကောက်ပွဲနှင့် သတင်းမီဒီယာသမားများ ဆောင်းပါးနှင့် ကြေးမုံသတင်းစာမှ ဒေါက်တာ ဇင်မာကျော်ရေးသားထားသော ကိုရိုနာဗိုင်းရပ်စ်ပိုးထက် ပျံ့နှံ့နှုန်းမြန်သည့် သတင်းအမှားဗိုင်းရပ်စ်ဆောင်းပါးတို့ကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က ရွေးကောက်ပွဲနှင့်သတင်းမီဒီယာသမားများ၊ ကိုရိုနာဗိုင်းရပ်စ်ပိုးထက် ပျံ့နှံ့နေသည့်သတင်းအမှားဗိုင်းရပ်စ်ဆောင်းပါးတွင် ရေးသားထားသည့်အကြောင်းအရာများကို ရှင်းလင်းခဲ့ပြီး ဝန်ထမ်းများက ရွေးကောက်ပွဲနှင့်ပတ်သက်၍ သတင်းပေးဆောင်ရွက်နိုင်သည့် အခွင့်အရေး၊ သတင်းအမှားနှင့်ပတ်သက်၍ ပြည်သူများထံ အချိန်နှင့်တပြေးညီ အသိပေးရန် တာဝန်ရှိခြင်း၊ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆောင်ရန် အချက်များ၊ သတင်းမီဒီယာများ ကဏ္ဍ၊ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ သတင်း/မီဒီယာ/သတင်းအေဂျင်စီ အစရှိသည့် ဖေ့စ်ဘုတ်အကောင့်များတွင် ပျံ့နှံနေသည့် သတင်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)