အုတ်တွင်း သြဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်မာက ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးသူငယ်များအနေဖြင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေခြင်း၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့် အတွေးအခေါ်များ ရရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ် ပေးခဲ့ကြောင်းပြောကြားပြီး၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲနှင့် မှဆုရရှိသည့်မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ဆုများချီးမြှင့်ပေးခြင်းနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)