ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ကြက်တောင်ရိုက်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင် မည့် ပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်လံရေးနှင့် ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား သြဂုတ် ၁၂

၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြက်တောင်ရိုက်ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၌ သြဂုတ် ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကချင်ပြည်နယ်မှ သွားရောက်ယှဉ်ပြိုင်ကြမည့် လက်ရွေးစင်အသင်း အား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

ပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေပေးအပ်ရာတွင် ပြည်နယ်လက်ရွေးစင် ကြက်တောင်ရိုက်အသင်း အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက အသီးသီးမိတ်ဆက်ခဲ့ကြပြီး လက်ရွေးစင်အသင်းနည်းပြ ဦးဒီးရမ်းက ပြိုင်ပွဲဝင်နိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်ခဲ့မှုများကို ရှင်းလင်း တင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အုပ်ချုပ်သူ နည်းပြများနှင့် ကစားသမား အနေဖြင့် ပြည်နယ်ဂုဏ်ကို မြှင့်တင်နိုင်သည့် အားကစားသမားများဖြစ်အောင် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ကြိုးပမ်းယှဉ်ပြိုင်ကြရေးအထူးမှာ ကြားလိုပါ ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးက လက်ရွေးစင်အသင်း အုပ်ချုပ်သူနည်းပြများထံ အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ကချင်ပြည်နယ်အနေဖြင့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် ပြည်နယ်လက်ရွေး စင်အမျိုးသမီး ဂေါက်သီးရိုက်အသင်း၊ အမျိုးသမီးဘောလီဘောအသင်းနှင့် အေရိုးဗစ်အသင်းတို့က တံခွန်စိုက်ဆု ဖလားကို အသီးသီးရရှိထားပြီး အခြားအားကစားနည်းများတွင် ဆုတံဆိပ်များကို ဆွတ်ခူးရရှိထားကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)