ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်း၏ လူမှုအကျိုးပြု လှုပ်ရှားမှုဆိုင်ရာ သိကောင်းစရာ အသိပညာပေး TALK SHOW ဆောင်ရွက်

ဆိပ်ဖြူ ဩဂုတ်လ ၁၂

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မြို့နယ်ကြက်ခြေနီအသင်း၏ လူမှုအကျိုးပြုလှုပ်ရှားမှုဆိုင်ရာ သိကောင်းစရာ အသိပညာပေး (TALK SHOW) ကို ယမန်နေ့ နံနက် ၁၀ နာရီ ကျင်းပသည်။

ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ သိသင့် သိထိုက်သော အသိပညာများ ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်ကြက်ခြေနီအသင်း၏ လူမှုအကျိုးပြုလုပ်ငန်းများအား ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနေမှုကို ပြည်သူများသိရှိနိုင်စေရန် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဒုတိယတပ်ရင်းမှူး ဦးမောင်မောင်ဝင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဒုတိယဦးစီးမှူး ဒေါ်စီစီမိုးတို့က ပူးပေါင်းဆောင်ရွက်သည်။

အဆိုပါ  အသိပညာပေး TALK SHOW အစီအစဉ်တွင် ဒုတိယဦးစီးမှူး ဒေါ်စီစီမိုးက ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်၊ မြို့နယ် ကြက်ခြေနီအသင်းဖွဲ့စည်းဆောင်ရွက်မှုများနှင့် လှုမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းရပ်များနှင့် သိရှိလိုသည်များ ဆွေးနွေးမေးမြန်းခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဒုတိယတပ်ရင်းမှူး ဦးမောင်မောင်ဝင်းက ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက် သိကောင်းစရာများနှင့် မြို့နယ်အတွင်း ကြက်ခြေနီအသင်းဖွဲ့စည်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စေတနာ့ဝန်ထမ်း ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၏ လိုက်နာဆောင်ရွက်ရသည့် စိတ်ထား ၊ စည်းကမ်းပိုင်းဆိုင်ရာများ ၊ ဘေးအန္တရာယ်များနှင့် လူမှုအကျိုးပြုလုပ်ငန်းများ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရသည့် လုပ်ငန်း သိကောင်းစရာများကို ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

စိုးလင်းနိုင်(IPRD)