ကျောင်းကုန်း ဩဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက် မျက်ရှင်တော်ပြည်လုံး ချမ်းသာ ဘုရားကြီးဝန်းအတွင်းရှိ အာစိဏ္ဏကံ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ၌ ဝါဆိုသင်္ကန်းနှင့် အလှူငွေများ စုပေါင်းလှူဒါန်းပွဲကို ဝါခေါင်လပြည့်နေ့ (မေတ္တာအခါတော် နေ့) နံနက် ၉ နာရီ ၃၀အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားတော့၍ ဖွင့်လှစ်ပြီး ဒက္ခိဏာရာမ (ရွှေကျင်) ပရိယတ္တိ စာသင်တိုက်ကြီး၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒာစရိယထံမှ ကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဝါဆိုသင်္ကန်း(၆)စုံ လှူဒါန်းမှုငွေကျပ် (၂)သိန်း (၆)သောင်း၊ ဒက္ခိဏာရာမ(ရွှေကျင်) ကျောင်းတိုက်အတွင်း နတ်လမ်းဆောက်လုပ်ရန်အတွက် လှူဒါန်းငွေ ကျပ် (၄)သိန်း(၉)သောင်း၊ ဒက္ခိဏာရာမ(ရွှေကျင်)ကျောင်းမှ ရဟန်းသာမဏေများအတွက် ဆွမ်းစားစားပွဲခုံ လှူဒါန်းငွေကျပ် (၅)သိန်း(၇)သောင်းကျော် စုစုပေါင်း လှူဒါန်းငွေကျပ် (၁၃)သိန်းကျော် လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရား နာကြားကာ ရေစက်သွန်ချ အမျှအတမ်းပေးဝေခဲ့ကြသည်။ ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋတု သုံးကြိမ် ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)