ငပုတောမြို့၊ တောင်ပိုင်းရပ်ကွက်တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့မှ သွားရောက်ကြည့်ရှုစစ်ဆေး

ငပုတော သြဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်ခရိုင်၊ ငပု​တောမြို့၊ ​တောင်ပိုင်းရပ်ကွက်ရှိ၊ ဓမ္မရိပ်သာလမ်းနှင့် မြ​ရွှေဝါလမ်းတို့ တွင် ကွန်ကရစ်လမ်းခင်းခြင်းကို ယမန်​နေ့ ည​​နေ (၄)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ကျော်သူနှင့် အဖွဲ့ဝင်(၂) ဦးသန်းဦးတို့က သွား​ရောက်ကြည်ရှုခဲ့​စစ်​ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဓမ္မရိပ်သာလမ်းနှင့် မြရွှေဝါလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ငပုတော မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီး ငွေလုံးငွေရင်းထောက်ပံ့ရန်ပုံငွေ (၁၁၁.၇၀၀) သိန်းဖြင့် ဓမ္မရိပ်သာလမ်းအား လည်း​ကောင်း၊ မြ​ရွှေဝါ လမ်းအတွက် ​​ငွေလုံး၊​ ငွေရင်းထောက်ပံ့ရန်ပုံ​ငွေ (၈၄.၄၀၀) သိန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့်   Grow Success ကုမ္ပဏီက တာ​ဝန်ယူ​ဆောင်ရွက်လျက်ရှိပြီး ဓမ္မအရိပ်သာလမ်းမှာ အလျား (၄၉၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆) လက်မရှိပြီး မြ​ရွှေ​ဝါလမ်းမှာ အလျား (၃၇၀)​ပေ၊ အကျယ် (၁၂)​ပေနှင့် ထု(၆)လက်မဖြစ်သည်၊ အဆိုပါ လမ်းနှစ်လမ်းအား Grow Success ကုမ္မဏီက အကောင်အထည်ဖော် တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး အချိန်မီပြီးစီးနိုင်ရေး အတွက် ငပုတောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။ ယခုဆောင်ရွက်နေသော လမ်းများကွန်ကရစ်ခင်း ခြင်း လုပ်ငန်းပြီးစီးပါက ရပ်ကွက်နေပြည်သူများ အဆင်ပြေ စွာ သွားလာနိုင်မည်ဖြစ်ပြီး လူမှု့စီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအ​ထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း သိရသည်။

အောင်သူ(ငပုတော)