ဝါးခယ်မမြို့နယ်၌ အခြေခံမဲစာရင်းများ မှန်ကန်စေရန်အတွက် ရပ်ကွက်‌ကျေးရွာများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဝါးခယ်မ ဩဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ အခြေခံမဲစာရင်းများ မှန်ကန်စေရန်အတွက် စာရေး ကုန်းရပ်ကွက်၊ လှေကျင်းရပ်ကွက်၊ သော်ကရပ်ကွက်၊ ရွာသစ်ရပ်ကွက်နှင့် ပတ္တမြားရပ်ကွက်များသို့ ပုံစံ ၆၆/၆ လိုအပ်ချက်များနှင့် နိုင်ကတ်ထပ်သူများ၊ မွေးသက္ကရာဇ်မပြည့်စုံသူများအား ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်ခြင်း ကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်၏ စီမံညွှန်ကြားမှုဖြင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဆယ်အိမ်စုမှူးများနှင့်အတူ ကွင်းဆင်း၍  Door to Door ကွင်းဆင်းဆောင်ရွက်ရာ ပုံစံ၆၆/၆လိုအပ်ချက်များ၊ နိုင်ကတ်ထပ်သူများ၊ မွေးသက္ကရာဇ်မပြည့်စုံ သူများအား စိစစ်၍ အခြေခံမဲစာရင်းများ မှန်ကန်စေရန်အတွက် စာရင်းကောက်ယူကာ အမည်တစ်ခုလျှင် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခု ကိုင်ဆောင်နိုင်‌စေရေး၊ အမည်မှန်ကန်မှုရှိစေရေး၊ မွေးသက္ကရာဇ်များ မှန်ကန် စေရေးနှင့် အသက်ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်နိုင်စေရေးအတွက် အရှိန်အဟုန်မြှင့် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း (ဝါးခယ်မ ပြန်/ဆက်)