ကျွန်းစု ဩဂုတ် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်တွင် ထပ်တိုးအကောင်အထည်ဖော်ဆောင်ရွက်မည့်မြစိမ်းရောင်ကျေးရွာစီမံကိန်းရွေးချယ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေး/ လက် ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းက မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများက ထပ်တိုးအကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် ကပကျေးရွာအုပ်စု၊ ကပကျေးရွာကို ဆွေးနွေးညှိနှိုင်းရွေးချယ်ခဲ့ကြကြောင်း၊ ကျွန်းစုမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၅-၂၀၁၆ ခုမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁- ၂၀၂၂ခု ထိ ကျေးရွာ(၁၆)ရွာရှိပြီး ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေကျပ်သိန်း(၃၀၀)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)