ကျောက်တံခါးမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်

ကျောက်တံခါး  ဩဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၏ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဒုတိယအပတ်အဖြစ် အသက် ()လမှ ()နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ()နာရီ က မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစည်သူစန်းနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဝင့်ဝါအောင် တို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးမှူး ဦးထွန်းထွန်းအောင် က အဟာရဖွံဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ဒုတိယအပတ်အနေဖြင့်  ကလေးသူငယ်များ ကျန်းမာဖွံ့ဖြိုးပြီး ရောဂါဘယကင်းရှင်းစေရေးအတွက် အသက်()လမှ ()နှစ် ကလေးငယ်များအား ဗီတာမင်အေ တစ်သိန်းအား၊ အသက်()နှစ်မှ ()နှစ်ထိ  ကလေးငယ်များအား  ဗီတာမင်အေနှစ်သိန်းအားနှင့် အသက်()နှစ်မှ ()နှစ်ထိ ကလေးငယ်များအား သံချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)