ညောင်လေးပင်မြို့နယ်အတွင်းရှိ ဆေးအရောင်းဆိုင်များတွင် တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/ မရှိ လိုက်လံစစ်ဆေး ဆောင်ရွက်

ညောင်လေးပင် ဩဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာ​မြို့တွင်းရှိ ဆေးဝါးပစ္စည်းရောင်းချလျက်ရှိသော ဆေးအရောင်းဆိုင်များအား ဆေးဝါးအတုများ၊ စပ်ဆေးများ၊ တရားမဝင်ဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါး မှတိပုံတင်အမှတ်မပါရှိသော ဆေးဝါးများ၊ စံမညီဆေးဝါးများနှင့်  ပတ်သက်၍ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က   လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့အများပြည်သူ သုံးစွဲရန်မသင့်သော ဆေးဝါးများနှင့်ပတ်သက်၍ လိုက်လံစစ်ဆေးရာတွင် ပြည်သူများသုံးစွဲရန် မသင့်သည့် ဆေးဝါးများအား၊ နေ့စဉ်ထုတ် သတင်းစာများတွင် အသိပေးကြေညာထားပြီးဖြစ်ရာ အဆိုပါ ဆေးဝါးများအား စျေးကွက်အတွင်း၊ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေမှုများ ရှိ/ မရှိနှင့် အများပြည်သူ ကျန်းမာရေးကို ရှေ့ရှု၍ အရေးယူဆောင်ရွက်နိုင်ရေး ညောင်လေးပင် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များက လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်