ကော့သောင်းမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ် ထိုးနှံ

ကော့သောင်း   ဩဂုတ်   ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများသည် ယနေ့နံနက်(၉)နာရီက မဉ္ဇူသကခန်းမတွင် စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ စတုတ္ထအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို (၁၀-၈-၂၀၂၂) ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပြီး၍ သုံးလပြည့်ပြီးသူ ဌာနဆိုင်ရာ ဝန်ထမ်းများအား စတုတ္ထအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေး အမျိုးအစားမှာ Sinovac ဆေးအမျိုးစားဖြစ်ကြောင်း ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

ဖြိုးပိုင်ဦး (ပြန်/ဆက်)