ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်/စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ဘားအံ ဩဂုတ် ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/စာအုပ်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက သဘာဝပတ်ဝန်းကျင်နှင့်လေထုညစ်ညမ်းမှုဆိုင်ရာ ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ စက်ရုံအလုပ်ရုံများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကြောင့် လေထုညစ်ညမ်းရပုံ၊ ပလပ်စတစ်အန္တရာယ်အကြောင်း၊ လေထုညစ်ညမ်းမှုကို လျှော့ချနိုင်သည့် နည်းလမ်းများအကြောင်းကို ဆွေးနွေးပြောကြားပြီး၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးအကြောင်းအရာများပါဝင်သည့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့ရာ ကျောင်းသား/သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ဘားအံမြို့ အ-မ-က မူလွန်(၄)ကျောင်းမှ ကျောင်းသား/သူ (၃၀)ဦး တက်ရောက်လေ့လာခဲ့ကြကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)