ကဝ သြဂုတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်ဆရာဝန်ကြီး၏ လမ်းညွှန်မှုဖြင့် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၏ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဒုတိယအပတ်အဖြစ် အသက် (၆)လမှ (၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်အုန်းအုန်းမြင့်က ဦးဆောင်၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ ဒုတိယအပတ်အနေဖြင့် ကလေးသူငယ်များ ကျန်းမာဖွံ့ဖြိုးပြီး ရောဂါဘယကင်းရှင်းစေရေးအတွက် အသက်(၆)လမှ(၁)နှစ် ကလေးငယ်များအား ဗီတာမင်အေ တစ်သိန်းအား၊ အသက်(၁)နှစ်မှ (၅)နှစ်ထိ ကလေးငယ်များအား ဗီတာမင်အေ နှစ်သိန်းအားနှင့် အသက်(၂)နှစ်မှ (၅)နှစ်ထိ ကလေးငယ်များအား သံချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)