ပဲခူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး

ပဲခူး      ဩဂုတ်   ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ပဲခူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းစန္ဒာနှင့် အဖွဲ့တို့က ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ကျေးရွာရေပေးရေးကော်မတီဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်း က ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် အိုင်ကြီးဒေါင့်ကျေးရွာ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ဖြင့် ချေးငွေပေးမှုအားလည်းကောင်း၊ ၂၀၂၁-၂၀၂၂ ခု ခြောက်လဘတ်ဂျတ်တွင် သဲဖြူကျေးရွာ၌ ဆိုလာရေတင်စနစ် လုပ်ငန်းအားလည်းကောင်း၊ ဂါလံ ၂၄၀၀ ဆံ့စင်မြင့် ရေစင်တည်ဆောက်ခြင်း လုပ်ငန်းအားလည်းကောင်း၊ မြေသားရေကန်တူးဖော်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအား လည်းကောင်း၊ ရွာသစ်ကလေးကျေးရွာ၌ ဆိုလာရေတင်စနစ်လုပ်ငန်းအား လည်းကောင်း၊ ဂါလံ ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းအား လည်းကောင်း၊ ကျောင်းကုန်းကျေးရွာ၌ ဆိုလာရေတင်စနစ်လုပ်ငန်းအား လည်းကောင်း၊ ဂါလံ ၅၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်း လုပ်ငန်းအားလည်းကောင်း၊ ၄၀၀' စက်ရေတွင်းတူးဖော်ခြင်းအားလည်းကောင်း ကြည့်ရှု့စစ်ဆေးခဲ့သည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ချောင်းဝကျေးရွာ၌ ဆိုလာရေတင်စနစ် လုပ်ငန်းအား လည်းကောင်း ဂါလံ ၅၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်း လုပ်ငန်းအားလည်းကောင်း၊ ၄၀၀' စက်ရေတွင်းတူးဖော်ခြင်းအား လည်းကောင်း၊ သစ်ဆိပ်ကုန်းကျေးရွာ၌ ဆိုလာရေတင်စနစ် လုပ်ငန်းအားလည်းကောင်း၊ ဂါလံ ၅၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်း လုပ်ငန်းအားလည်း ကောင်း၊ ၄၀၀' စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ဝဏ္ဏမောင်(ပြန်/ဆက်)