မအူပင် ဩဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် တတိယအကြိမ်မြောက် ချည်ဖြူဖွဲ့မင်္ဂလာအခမ်း အနားကို မအူပင်မြို့ မှန်ပင်ပရိယတ္တိစာသင်တိုက်တွင် ယနေ့ နံနက် ၉ နာရီက စတင်ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကရင်အမျိုးသား မင်္ဂလာဖားစည်တီး၍ အခမ်းအနားဖွင့်လှစ်ပြီး မအူပင်မြို့နယ် ကရင် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယကဆရာတော်က အဖွင့်စကား ပြောကြားသည်။ ဆက်လက်၍ တတိယအကြိမ်မြောက် ချည်ဖြူဖွဲ့မင်္ဂလာ (စုပေါင်းလက်ချည်ပွဲ) ဖြစ်မြောက်ရေးကော်မတီက နှုတ်ခွန်းဆက်စကား ပြောကြားကာ ဝါခေါင်လချည်ဖြူဖွဲ့ခြင်း (စုပေါင်းလက်ချည်ပွဲ) အကြောင်းနှင့် ပတ်သက်၍ ရှေးအစဉ်အလာ အယူအဆများအား ရှင်းလင်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)