တောင်တွင်းကြီးမြို့နယ်၌ ပညာ‌ရေးဌာန ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး ပြုလုပ်

တောင်တွင်းကြီး ဩဂုတ် ၁၀

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပညာရေးဌာန ငွေလုံးငွေရင်း ဘတ်ဂျက်ခွဲဝေငွေခွင့်ပြုမှုအရ ကျောင်းဆောင်သစ် ဆောက်လုပ်ရေးလုပ်ငန်းများ (လျာထား/ဆောင်ရွက်ဆဲ) လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်မတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြော ကြားခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ခိုင်ထွန်း၊ အဖွဲ့ဝင်(၂) ဦးလှသောင်းတို့က အမှာစကား အသီးသီးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူး‌ ဒေါ်လှလှဝင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်‌ရေးလုပ်ငန်းများ လျာထား/ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြ‌ ဆွေးနွေးခဲ့ရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ကျောင်းဆောင်သစ်ဆောက်လုပ်မည့် ကုမ္မဏီများမှ မန်းနေးဂျင်းဒါရိုက်တာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှူးများ စုံညီစွာတက်ရောက် ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)