မအူပင် သြဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် MCCT အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့ မွေးဖွားသော အသက်(၂)နှစ်အောက်ကလေးများအား ငွေကြေးထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းဝင်းအေးက ငွေကြေးထောက်ပံ့မှုနှင့် ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများအား ပြောကြားခဲ့ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၈၈)အုပ်စုနှင့် မအူပင် အကျဉ်းထောင်အပါအဝင် စုစုပေါင်း(၈၉)စုအတွက် ကိုယ်ဝန်ဆောင်မိခင်(၃၂၀၉)ဦး၊ အသက်(၂)နှစ်အောက် ကလေး (၇၀၈၈)ဦး စုစုပေါင်း ထောက်ပံ့ဦးရေ(၁၀၂၉၇)ဦးတို့အတွက် ထောက်ပံငွေကျပ် (၄၄၂၆၅၀၀၀၀/-) တိတိအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ထံလွှဲပြောင်းပေးအပ်ပြီးနောက် တက်ရောက်လာသည့် ရပ်ကွက် ကျေးရွာအုပ်စု ကိုယ်စားတာဝန်ခံတစ်ဦးမှ လက်ခံရယူခဲ့သည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) အတွက် MCCT အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးများကို ငွေကြေးထောက်ပံ့ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ ရပ်ကွက်နှင့်် ကျေးရွာအုပ်စုတာဝန်ခံများ တက်ရောက်ခဲ့ကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ခံထံမှ သိရသည်။
ခရိုင် (ပြန်/ဆက်)