မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ငပုတော သြဂုတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ သြဂုတ်လ ပထမလဝက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်က ငပုတောမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အကြီးအကဲများ တက်ရောက်ခဲ့​ကြ​သည်။

အဆိုပါ အစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကား ပြောကြားရာတွင် စိုက်ပျိုး​ဧကများ ရေလွှမ်းမိုးမှု မရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတို့မှ ဝိုင်းဝန်ကူညီ ဆောင်ရွက်ပေးကြရန် လိုကြောင်း အသက်(၁၅)နှစ်မှ (၁၈) ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရန်နှင့် မကျန်ရှိစေရေး၊ ဝန်ထမ်းမိသားစုများ ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster)ထိုးနှံရန် ကျန်ရှိပါက ဆက်လက်ထိုးနှံပေးနိုင်ရေး၊ မိုးရာသီကာလတွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ထိခိုက် ပျက်ပြားမှုမရှိစေရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ရန်လို​ကြောင်း၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ရှိရန်နှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက် ရန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လိုင်းစင်မဲ့ယာဉ်များ ​စီးနင်းသွား လာခြင်းမရှိစေရေးအတွက် ဆောင်ရွက်ရန်နှင့် လိုအပ်ပါက ရှောင်တခင် စစ်ဆေးခြင်းများ​ ဆောင်ရွက်ရန်လို ကြောင်း၊ GDP နှင့် ဆက်စပ်လျက်ရှိသော ဌာနများအနေဖြင့် ယခင်နှစ်များနှင့် နည်းတူ အခွန်ကောက်ခံမှုကို ယခင်နှစ်များ ကဲ့သို့ပင် ကောက်ခံနိုင်ရေး၊ လယ်ယာ​​မြေများ သစ်စိမ်းမြေသြဇာအတွက် ပိုက်ဆံလျှော် မျိုးစေ့ ကို ထည့်သွင်းစိုက်ပျိုးနိုင်ရေးနှင့် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူး ဖြိုးသူရကျော်က ဌာနဆိုင်ရာများအနေဖြင့် လုံခြုံရေး သတိရှိရန်လိုကြောင်း၊ မိမိဒေသလုံခြုံရေးနှင့် အခြားမလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာမှုမရှိစေရေး အတွက် မိမိတို့မှ လှည့်ကင်းပတ်ကင်းများဖြင့် နေ့ညလုံခြုံရေးတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ခိုးဝင်ဘင်္ဂါလီများ ဝင်ရောက်မှုမရှိစေရေးနှင့် တရားမဝင်လမ်းကြောင်းမှ ကျူးကျော်ဝင်ရောက်မှုများ မရှိစေရေး အတွက်  အလေးထား လုပ်ဆောင်လျက်ရှိကြောင်း၊ တရားပဒေနှင့် အညီ ကျူးကျော်ကိစ္စရပ်များ မရှိစေရေးနှင့် မြို့ဝင်လုံခြုံရေး ဂိတ်အဆင့်မြှင့်တင်ရန် သက်ဆိုင်ရာဌာန၏ အကူအညီဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လိုအပ်ချက်များ ပြန်လည်တင်ပြလာမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းဆောက်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ (ငပုတော