ကျောက်ကြီး ဩဂုတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ရုံးတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးပို့သည့် ကျောက်ကြီးမြို့နယ်အတွင်း တိုက်ပွဲရှောင်နေရပ်စွန့်ခွာသူ အင်းနက်ကျေးရွာအုပ်စု ကြို့ကုန်းကျေးရွာရှိ အိမ်ထောင်စု(၄၉)စု အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်မှုအား ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)၏ စီမံမှုဖြင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဆောင်ပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ ကြို့ကုန်းကျေးရွာရှိ တိုက်ပွဲရှောင် နေရပ်စွန့်ခွာသည့် အိမ်ထောင်စု (၄၉) စု လဦးရေ (၂၁၃) ဦးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းကိုယ်စား ကျောက်ကြီးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ အိမ်ထောင်စုတစ်စုလျှင် တာပေါ်လင် (၁)ချပ်၊ စောင် (၁)ထည်၊ ခြင်ထောင်(၁) လုံး၊ တစ်ကိုယ်ရည် ကျန်းမာရေးသုံးပစ္စည်းဖာ(၁)ဖာ တို့အား တိုက်ပွဲရှောင်နေရပ်စွန့်ခွာသည့် အိမ်ထောင်စုဝင်များ လက်သို့လွှဲပြောင်းပေးအပ် ထောက်ပံ့ပေးခဲ့သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကျောက်ကြီးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်နေရပ်စွန့်ခွာ ဒေသခံပြည်သူများအား ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်၊ ဘေးဒုက္ခကျရောက်သူများကို ကူညီရန်ရည်ရွယ်ပြီး ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ သိရသည်။
မြို့နယ်ပြန်/ဆက်