အုတ်ဖို သြဂုတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးသက်ဝင်း၏ လမ်းညွှန်မှုဖြင့် အ.ထ.က (ခွဲ)လသာကုန်းကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကုသရေးဦးစီးဌာနမှ သွားကျန်းမာရေး ဆရာဝန်ဒေါက်တာ ပြည်မိုးအောင်မှ သွားကျန်းမာရေးအကြောင်း အသိပညာပေး ဟောပြောကာ ထူးကုန်းကျေးလက် ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးစိုးမိုးမြင့်က သွေးလွန်တုတ်ကွေးရောဂါအကြောင်း အသိပညာပေးဟောပြောပြီး ကျန်းမာရေး ကြီးကြပ်-၂ ဒေါ်ပန်းအိဖြူမှ အာဟာရအတွက်လိုအပ်သော ကြယ်လေးပွင့်နှင့် သံကောင်ရောဂါအကြောင်းကို အသိပညာပေးဟောပြောကြသည်။
ထို့နောက် ဒေါက်တာပြည်မိုးအောင်မှ ကျောင်းသား၊ ကျောင်းသူများအား သွားကျန်းမာရေး စစ်ဆေးပေးကာ သံချဆေးတိုက်ကျွေး တိုက်ကျွေးပေးပြီး သွားတိုက်ဆေးများ ဝေငှပေးခဲ့ကြောင်း သိရသည်။
အောင်သူ