လှိုင်းဘွဲ ဩဂုတ် ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူ ကျောင်းသားလူငယ်များအဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ရိုးရိုးကျင့်မြင့်မြင့်ကြံဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဒီမွန်ကျော်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိအနာဂတ်အတွက် ရည်ရွယ်ချက်မြင့်မြင့်ထားခြင်း၊ ဗဟုသုတတိုးပွားဖို့အတွက် စာအုပ်စာပေများကို လေ့လာ ဖတ်ရှုရမည်ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ရိုးရိုးကျင့်မြင့်မြင့်ကြံစာအုပ်ထဲမှ အနှစ်သာရနှင့်ပေါ်ပင်၊ ကြီးမားလွှမ်းမိုးအစိုးရခြင်းဟူသော သတ္တိထူးဆောင်းပါးတို့ကို ဖတ်ကြားရှင်းပြခဲ့ပြီးနောက် စာအုပ်ချစ်မြတ်နိုး သူများအသင်းအဖွဲ့ဝင်များဖြစ်ကြသည့် မခိုင်ရတနာကလိုရင်းအချက်နှင့် အတွေးတစ်ခုဆောင်းပါးအကြောင်း၊ ပြန်/ဆက်ဌာနမှ အငယ်တန်းစာရေး(အင်အားပြ) ဒေါ်မိအေမီကိုက ခေတ်မီမီကမ္ဘာကြည့်ကြည့်မြင် ဆောင်းပါးအကြောင်းကိုလည်းကောင်း၊ စာဖတ်ပရိတ်သတ် လူငယ်များဖြစ်ကြသည့် မောင်အောင်ကိုကိုနှင့် မောင်အောင်ဖုန်းမြတ်တို့က ဘဝစာမေးပွဲဆောင်းပါးအကြောင်းများကို အပြန်အလှန်မေးမြန်းဖတ်ကြားခဲ့ကြကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)