အောင်လံမြို့၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာပညာသင်ကြားနိုင်ရေးအတွက် ကျန်းမာရေး စစ်ဆေး/ ကုသ /ပညာပေးလုပ်ငန်းများ ဆောင်ရွက်

အောင်လံ ဩဂုတ် ၁၀

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ (၂၀၂၂-၂၀၂၃) ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာ ပညာသင်ကြားနိုင်ရေးအတွက် ရက်သတ္တပတ် ကျန်းမာရေး စစ်ဆေး/ ကုသ/ ပညာပေး လုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီက စမ်းချောင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အောင်လံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာန၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များတို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၇၅)ဦးတို့အား အာဟာရကျွေးခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခြင်းကို ဆောင်ရွက်ခဲ့ပြီး ဩဂုတ်လ ၁၈ နေ့တွင် အဆိုပါကျောင်း၌ ကြက်သားဆန်ပြုတ် အာဟာရကျွေးရန်အတွက် လိုအပ်သည်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇင်ဇင်မင်းမောင်(ပြန်/ဆက်)