ဒေးဒရဲ သြဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနက မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာန များတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကလေးများကို ပေါင်ချိန်ပေးခြင်း၊ ဗီတာမင်(အေ)နှင့် သံချဆေးတိုက်ကျွေးခြင်း၊ အာဟာရပြည့်ဝသော မုန့်ပဲသရေစာများ ကျွေးမွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များကို သံဓာတ်အားဆေးများ တိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း