သံတောင်ကြီးမြို့နယ် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များ (MCCT)အကျိုးခံစား ခွင့်ရှိသူများအား ထောက်ပံ့ငွေများပေးအပ်

သံတောင်ကြီး ဩဂုတ် ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပထမအကြိမ် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များ (MCCT)အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန် က သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ခင်ထွန်းက သံတောင်ကြီးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းဗိုလ်ထံပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သံတောင်ကြီးမြို့နယ်ရပ်ကွက် (၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၁၁)အုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေဖွားလာသော အသက်(၂)နှစ်အောက်ကလေးများ (MCCT)အကျိုးခံစားခွင့်ရှိသူ(၃၉၇)ဦးအတွက် ထောက်ပံ့ငွေကျပ်(၁၆၀၉၅၀၀၀)ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်ထံပေးအပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းဗိုလ်မှ သက်ဆိုင်(MCCT) အကျိုးခံစားခွင့်ရှိသူများထံ ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နော်နော်မူ