အင်္ဂပူ ဩဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ဆုံကုန်းကျေးရွာအုပ်စု၊ ဆုံကုန်းကျေးရွာရှိ သဘာဝ ရေပြင်(ငဝန်မြစ်)အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ နံနက်ပိုင်းက အင်္ဂပူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပြုလုပ်ခဲ့သည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းကို မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးပိုင်၊ အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်မော်မော်ဝင်း နှင့် မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် ငါးလုပ်ငန်းစခန်း တာဝန်ခံ ဦးငြိမ်းချမ်းနှင့် ဝန်ထမ်းများ၊ ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ ပြည်သူများ စုပေါင်းပြီး ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၁)သိန်း(၅)သောင်း၊ ငါးခုံးမကြီး သားပေါက်ကောင်ရေ (၁)သိန်း(၅)သောင်း၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၃)သိန်းတို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် စားသုံးနိုင်ရေးနှင့် ငါးထုတ် လုပ်မှု တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ပြီး အင်္ဂပူမြို့နယ်အတွင်းရှိ သဘာဝရေပြင်များနှင့် စပါးခင်းများ အတွင်း ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)