ကံမ ဩဂုတ် ၁၀
မကွေးတို်ငးဒေသကြီး သရက်ခရိုင် ကံမမြို့တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်ဆီများအား ဈေးကွက်စောင့်ကြည့်လုပ်ငန်းအဖြစ် ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေးအတွင်းမှ ကုန်စုံဆိုင်များ၊ မြို့ပေါ်ရပ်ကွက်များရှိ ဈေးဆိုင်များ၌ ရောင်းချလျက်ရှိသော မြေပဲဆီ၊နှမ်းဆီ၊နေကြာဆီ အစရှိသည့် ဟင်းသီးဟင်းရွက်ဆီများအား အသင့်ထုတ်ပိုးရောင်းချလျက်ရှိသည့် စားသုံးဆီဘူးများတွင် ပင်ရင်းပါဝင်ပစ္စည်း၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြပါရှိရန်၊ ကုန်စည်၏ တိကျသော အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာကျပ်သားတို့ကို မြန်ဘာသာဖြင့် ဖော်ပြပါရှိခြင်း ရှိ/ မရှိ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)