မေတ္တာမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်‌ရေး လှည့်လည်အသိပညာပေးနှိုးဆော်

မေတ္တာမြို့ ဩဂုတ် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ကိုဗစ်-၁၉ ရောဂါဗီဇပြောင်းမျိုးကွဲသစ် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အသိပေးချက်များကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်နှင့် အခြားမျိုးစိတ်သစ်ကူးစက်ပျံ့နှံ့လျက်ရှိရာ ကာကွယ်တားဆီးနိုင်ရေး သတိပြုရန်လိုအပ်ကြောင်း၊ မိဘပြည်သူများ အနေနှင့်လူစုလူဝေးများကိုရှောင်ကြဉ်ခြင်း၊ အပြင်သွားပါကနှာခေါင်းစည်း(Mask)များ မဖြစ်မနေတပ်ဆင်ရန်လိုအပ်ကြောင်း၊ လက်ကို စနစ်တကျ ဆပ်ပြာ(သို့မဟုတ်) လက်သန့်ဆေးရည်ဖြင့် မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင်နေထိုင်ခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန် ထားသည့် စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လိုက်နာကျင့်သုံးသွားနိုင်ရေးနှင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

အေးအေးချို (မေတ္တာ)