ကြံခင်းမြို့လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း ဩဂုတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ယမန်နေ့ နေ့လည်ပိုင်းက စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်များနှင့် Woman Club အဖွဲ့ဝင်များက စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပထမဦးစွာ ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီ Book Club အဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ဝင်းမှ စာရေးဆရာကောင်းကြည်သော် ရေးသားသော "စိတ်ဓာတ်ခွန်အားစကား ၁၀၀” စာအုပ်မှ လူငယ်များအနာဂတ်ခရီးမှာ ကိုယ့်ရဲ့မျှော်လင့်ချက်၊ ယုံကြည်ချက် ခိုင်ခိုင်မာမာဖြင့် လျှောက်လှမ်းနိုင်ရန်  စိတ်ခွန်းအားမြှင့်တင်ပေးသော အကြောင်းအရာပါ အချက်များကို ဦးဆောင်ဆွေးနွေးပြီးနောက် စာအုပ်စာပေချစ်မြတ်နိုးသူ Book Club နှင့် Woman Club အဖွဲ့ဝင်များက မိမိတို့၏ သဘောထား အမြင်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး Talk Show ပအစီအစဉ်များ၊ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)